မြို့သစ် အောက်တိုဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော မိန်းကလေးငယ်များအား ပြည်သူ့အခြေပြုမြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နေ့လည်(၁)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် အခြားစုရပ်အသီးသီးတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ဆရာမဒေါ်ညွှန့်ညွှန့်ကြည်နှင့် ကျန်းမာရေးဝန်ထမ်းများက မြို့သစ်မြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်(၃၉)ဦးကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းအား သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)