သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော အမျိုးသမီးငယ်များအား ပြည်သူအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံ

သာပေါင်း အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော အမျိုးသမီးငယ်များအား ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မိခင်ကလေးဌာနခွဲတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) အခမဲ့ စတင်ထိုးနှံ ပေးလျက်ရှိသည်။

သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် အသင်းဝင်တို့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာ ဒေါ်ဝင်းမီမီခိုင် ဦးဆောင်စီမံမှုဖြင့် ကာကွယ်ဆေးထိုး ဆရာ၊ ဆရာမများ ဆေးထိုးနှံနေမှု အခြေအနေများအား ကြည့်ရှု အား‌ပေးကာ ကာကွယ်ဆေးထိုးစုရပ်များတွင် ဆေးထိုးနှံပြီးပါက ဘေးထွက်ဆိုးကျိုး လက္ခဏာများ မဖြစ် စေရန် စောင့်ကြပ်ကြည့်ရှု လိုအပ်သည်များ ကူညီဖေးမစောင့်ရှောက်ကြ၍ ကျန်းမာရေးဌာနမှ မြို့နယ် အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော အမျိုးသမီးငယ်များအား ပြည်သူအခြေပြု ကျေးရွာ ပေါင်း (၂၂)၊ ရည်မှန်းအမျိုးသမီးငယ်(၇၀)ဦးရှိရာ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက အောက်တိုဘာလ (၁၆)ရက်နေ့မှ အောက်တိုဘာလ(၂၇)ရက်နေ့အထိ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) အခမဲ့ထိုးနှံပေးသွား မည်ဖြစ်သည်။

ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် မြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော အမျိုးသမီးငယ်(၄၀)ဦး၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျေးရွာ (၁၈)မှ အမျိုးသမီးငယ်(၂၃)ဦး၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကျေးရွာ(၄)မှ အမျိုးသမီးငယ် (၆)ဦး ပေါင်း(၆၉)ဦးတို့အား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးနိုင်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်