ကျွန်းလှ အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ဝယ်ယူ သုံးစွဲနိုင်ရန်အတွက် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ကျွန်းလှမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၏ စီစဉ်မှုဖြင့် မိုးစပါးစိုက်ပျိုးသည့် ကျေးရွာအုပ်စု (၇) အုပ်စုမှ တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ရောင်းချပေးခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထို့အပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင် အထွက်နှုန်းရရှိစေရန် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ် အသုံးပြုနည်း ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ