အုတ်တွင်း အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်၁၀ နာရီမှ ညနေ၄နာရီအထိ မြို့မရဲစခန်းဝင်း အစည်းအဝေး ခန်းမ၌ ဖွင့်ဖောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူရရှိသည့် အရေအတွက်အတိုင်း ပြည့်/မပြည့်၊ စွန်းထင်း/စုတ်ပြဲနေသော ဆန္ဒမဲလက်မှတ်များ ပါဝင်မှုရှိ/မရှိ၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ် ဟုတ်/မဟုတ်၊ ပါဝင်ရမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်၊ အသုံးပြုသင်္ကေတ (Logo)များ မှန်ကန်မှုရှိ/မရှိတို့အား ဖွင့်ဖောက်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီး ဆန္ဒမဲလက်မှတ်များကို ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ်၊ အမျိုးသားလွှတ်တော် ဆန္ဒမဲလက်မှတ်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)နှင့် အမှတ်(၂) ဆန္ဒမဲလက်မှတ်၊ တိုင်းရင်းသားလွှတ်တော် ဆန္ဒမဲလက်မှတ်များကို ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် အဖွဲ့ဝင်များက ဆန္ဒမဲလက်မှတ်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်မာ(ပြန်/ဆက်)