ဒိုက်ဦး အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများနှင့်ရေ လုပ်သားများအား အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ဒိုက်ဦးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးဦးစိုးထွန်းမှ အယ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရန်အချက်များ၊ ဖြစ်ပွားချိန်တွင် လုပ်ငန်းများဆောင်ရွက်ခြင်းတို့အား အသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ငါးလုပ်ငန်းများသို့ ကွင်းဆင်းပညာပေး ဟောပြောခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ ငါးမွေးတောင်သူများနှင့် ရေလုပ်သားများစုစုပေါင်း ၃၀ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)