ဂန့်ဂေါမြို့တွင် ဗိုလ်ချုပ်လမ်းရှိ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်ရေး ပြုပြင်ဆောင်ရွက်

ဂန့်ဂေါ အောက်တိုဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးတို့ကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများတို့က ဆောင်ရွက်လျက်ရှိသည်။

ဂန့်ဂေါမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေး၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ခြင်ပေါက်ပွားမှုမဖြစ်ပွားစေရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အပတ်စဉ် လုပ်ဆောင်ပေးလျက်ရှိပြီး ရေမြောင်းအတွင်းရှိ အမှိုက်များ၊ လမ်းဘေးဝဲယာရှိပေါင်းပင်များနှင့် အမှိုက်သရိုက်များ၊ တံတားအောက်တွင်ပိတ်ဆို့နေသည့် သဲနုန်းများကို ရှင်းလင်းခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)