ချောက်မြို့နယ်၊ ဂွေးပင်​ကျေးရွာ၊​ ရွှေညောင်​တော်​ကျေးလက် စျေးအတွင်းရှိ စားသောက်ကုန်ပစ္စည်းများအား မ​ကွေးတိုင်း​ဒေသကြီး (FDA)မှ ကွင်းဆင်းစစ်ဆေး

ချောက် အောက်တိုဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ ​ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ဂွေးပင်​ကျေးရွာ၊​ ရွှေညောင်​တော်​ကျေးလက် စျေးအတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများအား အောက်တိုဘာ (၁၈) ရက်​နေ့ နံနက် ၈ နာရီအချိန်က မ​ကွေးတိုင်း​ဒေသကြီး (FDA)မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ စျေးအတွင်း ရောင်းချ​သော စား​သောက်ကုန်များတွင် အညွှန်းများ တပ်ဆင်မှု ရှိ/မရှိ၊ သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိနှင့် (FDA) မှ တားမြစ်ထား​သော စားသောက်ကုန်များ​အား ရောင်းချခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့​ခြင်း​ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မ​ကွေးတိုင်း​ဒေသကြီး(FDA) မှ ဦးစီးအရာရှိ ဒေါ်ဖူးလှိုင်ညွန့်ဦးနှင့် အဖွဲ့ကဦးဆောင်၍ ခရိုင်စားသုံးသူ​ရေးရာ ဦးစီးဌာန ဒုတာဝန်ခံ ဒေါမြတ်မြတ်မိုးနှင့်အဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဌေးနှင့်အဖွဲ့၊ မြို့နယ်စည်ပင်ကော်မတီဥက္ကဌ၊ ဂွေးပင်ရဲစခန်းနှင့် ​​ဂွေးပင်​ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍​ ဆောင်ရွက်ခဲ့​ခြင်း​ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းဖြင့် ဈေးကွက်အတွင်း ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများအား ဝယ်ယူသုံးစွဲကြသော စားသုံးသူ မိဘပြည်သူများအနေ ဖြင့် ဘေးဥပါဒ်ကင်းရှင်းစွာ သုံးစွဲနိုင်စေရေး၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲနိုင်စေရေး၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဥပဒေနှင့် ညီညွတ်သော ကုန်ပစ္စည်းများကိုသာ ရောင်းချနိုင်စေရေး၊ ရောင်းချသည့် ဈေးဆိုင်လုပ်ငန်းရှင်များအနေဖြင့်လည်း ဌာနဆိုင်ရာများ၏ တည်ဆဲဥပဒေနှင့် ညီညွတ်သော ကုန်ပစ္စည်းများကိုသာ ရောင်းချစေရန် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့​ခြင်းဖြစ်ကြောင်း သိရ​သည်။

ကျော်မိုး(ပြန်/ဆက်)