စေတုတ္တရာမြို့နယ် မြို့မဈေးကြီးအတွင်း အသားဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

စေတုတ္တရာ အောက်တိုဘာ  ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး၊ အသားဆိုင်များမှ သတ်မှတ်အသားဈေးနှုန်းများအတိုင်း အသားဝယ်ယူသူ ပြည်သူများ သန့်ရှင်းလတ်ဆတ်သော အသားများရရှိစေရေးအတွက် စေတုတ္တရာမြို့မဈေးကြီးအတွင်း (အမဲသား၊ ဝက်သား၊ ဆိတ်သား)အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိကို  ယနေ့နံနက်ပိုင်း(၇)နာရီက ကွင်းဆင်း စစ်ဆေးခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုခဲ့ပြီး မြို့မဈေးရှိ အသားဆိုင်များ၌ လက်ရှိမြေပြင်တွင် ရောင်းချလျက်ရှိသော (အမဲသား၊ ဝက်သား၊ ဆိတ်သား)အသားများ၏ ဈေးနှုန်းများကို ဆိတ်သားတစ်ပိဿာ (၁၂၀၀၀)/ကျပ်၊ အမဲသားတစ်ပိဿာ (၁၂၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ(၁၂၀၀၀)ကျပ်စျေးဖြင့် ရောင်းချရန် အသားအရောင်းဆိုင်များတွင် ဗီနိုင်းဆိုင်းဘုတ်များချိတ်ဆွဲ၍ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းအိမွန် (ပြန်/ဆက်)