ကြံခင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကြံခင်း အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ ဗိုလ်ချုပ်လမ်း၊ နာရီစင်ရှေ့နှင့် လမ်းမတော်လမ်း၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ကြသည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးဦးဆောင်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများက မှုခင်းကျဆင်းရေး လူသတ်မှု၊ မုဒိမ်းမှု၊ လောင်းကစားမှု၊ Online လိမ်လည်မှုများ၊ ခိုးမှုလုယက်မှုများမှ ကာကွယ်နိုင်ရန်၊ အကြမ်းဖက်မှုများ ဖြစ်လာပါက ချမှတ်ခံရမည့်ပြစ်ဒဏ်များ၊  သတင်းပေးရန်နှင့် အကူအညီလိုအပ်ပါက ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ၊ အကြမ်းဖက်မှုပပျောက်ဖို့ ပြည်သူများ ပူးပေါင်းပါဝင်တိုက်ဖျက်စို့ ခေါင်းစဥ်များ ပါဝင်သော မူခင်းကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင် အစောင်ရေ (၁၀၀)အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)