ဖောင်းပြင်မြို့တွင် စားဖိုဆောင်သီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

ဖောင်းပြင် အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာမှ တောင်သူ ဦးတင်အောင်သည် စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်၊ မုန်ညှင်း၊ ချဉ်ပေါင်၊ နံနံနှင့် ရုံးပသီတို့ကို စိုက်ပျိုး ရောင်းချ ခြင်းဖြင့် တစ်ရက်လျှင် ဝင်ငွေ(သုံးသောင်း) ဝန်းကျင်ရရှိပြီး မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိ သည်။

စိုက်ပျိုးရာတွင် မြေအကျယ်အဝန်း (၀.၄၅) ဧက၌ ဟင်းသီးဟင်းရွက် စုံလင်စွာစိုက်ပျိုးပြီး စဉ်ဆက် မပြတ် ရောင်းချနိုင်ရန် စိုက်ဘောင် တစ်ဘောင် သီးနှံစတင်ဆွတ်ခူးရစဉ် တစ်ဘောင်ပြန်စိုက် စနစ်ဖြင့် စိုက်ပျိုးခဲ့ပြီး ယင်းစိုက်ခင်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိပြီး တွင်ကျယ်စွာ စိုက်ပျိုးသော ပဲမျိုးစုံတို့မှ ရရှိသည့် ဝင်ငွေများမှာ ပိုလျှံကြောင်း သိရသည်။

စားဖိုဆောင်သီးနှံ စိုက်ပျိုးခြင်းသည် အချိန်တိုအတွင်း ဝင်ငွေအမြန်ရရှိပြီး အခြားသီးနှံများ ဖြစ်သည့် စပါး၊ ပဲနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် သွင်းအားစုများ ထည့်သွင်းနိုင်ရန်အတွက် အထောက် အပံ့များ ရရှိကြောင်း၊ နှစ်စဉ် စားဖိုဆောင်သီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစု စားဝတ်နေရေးအပြင် အပိုဝင်ငွေရရှိကြောင်း ပိုစာကုန်းကျေးရွာမှ တောင်သူ ဦးတင်အောင်ထံမှ သိရသည်။

ကိုထွန်း(ဖောင်းပြင်)