စစ်ကိုင်း အောက်တိုဘာ ၁၈
စစ်ကိုင်းမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဝါးချက်ကျေးရွာနှင့် အာလောင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ကွန်ကရစ်လမ်းခင်းရာတွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်(၁၅)သန်းဖြင့် အရှည်(၈၀၀)ပေ၊ အနံ(၁၂)ပေနှင့် အမြင့်(၆)လက်မရှိ ကွန်းအရစ်လမ်းအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ(၁၄)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ (၁၇)ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်သည်။
ပြီးစီးနေသည့် အဆိုပါကွန်ကရစ်လမ်းအား စစ်ကိုင်းခရိုင်/ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးများနှင့် တာဝန်ရှိသူများက ယနေ့တွင် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်(ပြန်/ဆက်)