ကြံခင်း အောက်တိုဘာ ၁၈
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့ "အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့" အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ထောက်ပံ့သော မြန်အောင်ခရိုင်အတွင်းရှိ အသက်အကြီးဆုံး အဘိုး/အဘွားများအတွက် ဂုဏ်ပြုထောက်ပံ့သော ထောက်ပံ့ငွေ အား ကြံခင်းမြို့နယ် ခုံကြီးကျေးရွာအုပ်စု၌ နေထိုင်သည့် အသက်(၁၀၉)နှစ်ရှိ အဘွား ဒေါ်လှတင်ထံသို့ ယမန်နေ့ နံနက်ပိုင်းက ဂုဏ်ပြုထောက်ပံ့ငွေ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးအရာရှိ ဒေါ်သဉ္ဇာဝင်းနှင့် ဝန်ထမ်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်နှင့် အဖွဲ့ဝင်များက ကြံခင်းမြို့နယ် အတွင်း အသက်အကြီးဆုံး အသက်(၁၀၉)နှစ်ရှိ အဘွား ဒေါ်လှတင်အား ဂုဏ်ပြုထောက်ပံ့ ငွေကျပ် (၁၀၀၀၀၀/-)ကို လက်ဝယ်သို့သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)