လှိုင်းဘွဲ အောက်တိုဘာ ၂၁
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံပစ္စည်းများ ဖြန့်ဝေခြင်းနှင့် မဲလက်မှတ်များ ဖြန့်ဝေနိုင်ရန် အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ညွန့်က လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အိသဉ္ဇာအောင်က မဲရုံပစ္စည်းများနှင့် မဲလက်မှတ်များ ဖြန့်ဝေပေးမည့် အစီအစဉ်များ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသော မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက မဲရုံပစ္စည်းများ ဖြန့်ဝေရာတွင် စနစ်တကျ ရှိစေရန်၊ လုံခြုံမှု ရှိစေရန်၊ သွားလာရ ခက်ခဲသော ဒေသများတွင် ပိုမိုဂရုစိုက်အလေးထားဆောင်ရွက်နိုင်ရန် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)