မုံရွာမြို့၌ စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

မုံရွာ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ပြီး စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးဆောင်ရွက်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေး စီမံခန့်ခွဲရေးနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ပြီး စားသုံးသူ အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးချွန်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ အခွင့်အရေး()ချက်၊ စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ပါဝင်ရမည့်အချက်များ စသည့် သိကောင်းစရာများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်မာနွယ်က စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ စားသုံးသူများ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း သိကောင်းစရာများကို အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် ဟောပြောပွဲသို့ စိတ်ပါဝင်စားစွာတက်‌‌ရောက်လာကြသည့် မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ၏ သိရှိလိုသည့် မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)