မော်လိုက်မြို့၌ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနိူင်း အစည်းအဝေး (၃/၂၀၂၃) ကျင်းပ

မော်လိုက် အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌  ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ()နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ရှေးဦးစွာ အစည်းအဝေးတွင် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ ခရိုင်စီမံကိန်းမှူး ဦးအောင်ကျော်ဦးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း အကောင်အထည် ဖော်နိုင်မှု အခြေအနေများကို ပရိုဂျက်တာပြသ၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။ ယင်းနောက် ကဏ္ဍတာဝန်ခံ ဌာနဆိုင်ရာများက အသီးသီး ပြန်လည်ဆွေးနွေး တင်ပြကြပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ 

ခရိုင်ပြန်/ဆက်