ကလိန်အောင် အောက်တိုဘာ ၁၈
အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က စစ်တုရင်နှင့် Scrabble ပြိုင်ပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများရရှိစေရန်၊ အားလပ်သည့်အချိန်တွင် စာကြည့်တိုက်သို့လာရောက်၍ စာငှား၊စာဖတ်ကြရန်နှင့် ဂိမ်းကစားခြင်း၊ ပြိုင်ပွဲများကျင်းခြင်းများတွင် ပူးပေါင်းပါဝင်ကြစေရန်၊ စာကြည့်တိုက်သို့ ဝင်ထွက်သွားလာတက်သည့် အလေ့အထကောင်းများရရှိစေရန် ကာယ/ဉာဏ စွမ်းရည်တိုးတက်စေရန်၊ အတွေးအခေါ်အသိအမြင်များ ဖလှယ်တတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများဖြင့် လူမှုပတ်ဝန်းကျင်များ၌ အသုံးချတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ(၂၃)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)