ဒေးဒရဲ အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများ စာပေ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီ က ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် လူငယ်နှင့်ဇွဲ စာအုပ်ပါ တန်ဖိုး အရှိဆုံးအရာဆောင်းပါးနှင့် စာဖတ်ခြင်းဖြင့် ကြီးမြင့်လိမ့်မည် ဆောင်းပါးကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးကြရာတွင် ဘဝအသိကို လက်တွေ့အသုံးချမှ အကျိုးရှိမှာဖြစ်ကြောင်း၊ ကုန်လွန်သွား သော အချိန်များသည် ပြန်မရနိုင်ပါကြောင်း၊ လောကတွင် တန်ဖိုးအရှိဆုံးအရာမှာ စိန်၊ ရွှေ၊ ငွေမဟုတ် အချိန်သာဖြစ်ပါကြောင်းနှင့် လူ၏ ခန္ဓာကိုယ်က အစားအစာ လိုအပ်သလို ဦးနှောက် သည်လည်း ပညာအာဟာရထည့်ပေးမှ သန်စွမ်းမည်ဖြစ်ကြောင်း၊ စာပေဖတ်ရှုရန်လိုအပ်ပါ ကြောင်း၊ စာဖတ်ခြင်းသည် ကြီးမြင့်နိုင်သည့် အခွင့်အရေးများရှိပါကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှိစေရေး၊ စာပေဖတ်ရှုမှုတိုးပွားလာစေရေး၊ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဟောပြောပွဲများ၊ Talk Show များ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာ များသို့ စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အပတ်စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
အေဇာလင်း