ဘိုကလေးမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

ဘိုကလေး အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုက‌လေးမြို့နယ်အတွင်း လူကုန်ကူးမှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ ‌ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်၊ ကျေးရွာစာရေးဝန်ထမ်းများ တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာများ၊ လူကုန်ကူးမှု ဖြစ်ပေါ်လျက်ရှိသော ပုံစံများနှင့် အကြောင်းအရင်းများ၊ ကမ္ဘာတစ်ဝှမ်း၌ လူကုန်ကူးမှု ဖြစ်ပွားမှုအခြေအနေများအား ရှင်းလင်းဟောပြော အသိပညာပေးခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသူများအား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေအသိပညာပေးခဲ့ ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)