အိမ်မဲမြို့နယ်တွင် Youth Club အဖွဲ့ “မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး” ခေါင်းစဥ်ဖြင့်စာဖတ်ဝိုင်းကျင်းပ

အိမ်မဲ အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် Youth Club အဖွဲ့မှ  မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ​ပေးခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် (၁၁) နာရီတွင် ကျင်းပသည်။

စာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရ ခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိနှင့် Youth Club အဖွဲ့ဝင် များက သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်မှ ဒေါက်တာ ခင်မောင်ညို၏ မူးယစ်ဆေးအန္တရာယ်၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်အစရှိသည့် ခေါင်စဥ်များဖြင့် မိမိတို့၏ထင်မြင်ယူဆချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းများ ကျင်းပပေးခြင်းကြောင့် Club အဖွဲ့များ တစ်ဦးနှင့် တစ်ဦး ရင်နှီးမှုရှိခြင်း၊ တစ်ဦးကရရှိ သည့် ဗဟုသုတကို အခြားသူများ သို့ ဆက်လက်ဝေမျှနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)