ကျိုက်လတ် အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား များအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ် အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များလိုက်ပါ၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ ဘိုးဘွားများ ထံ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကျိုက်လတ်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၇၇၉)ဦးရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ် အတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေး ခံစားလျက်ရှိသည့် ဘိုးဘွားတစ်ဦးလျှင် (၃၀၀၀၀ိ/-) နှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်း (၂၃၃၇၀၀၀/-) ကျပ်အား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ကျိုက်လတ်မြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၁၉)ဦးအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဇာလင်းနှင့် ဝန်ထမ်းများက ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ အိမ်တိုင်ရာရောက် စတင်လိုက်လံပေးအပ်လျက်ရှိပြီး ကျေးရွာ အုပ်စုများရှိ သက်ကြီးဘိုးဘွား(၆၆၀)ဦးအား ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာ စာရေးဝန်ထမ်းများမှ တစ်ဆင့် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)