ကော့သောင်း အောက်တိုဘာ ၁၈
ကော့သောင်းမြို့နယ်တွင် (၅၁)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယပွဲတော်နှင့် (၂၉) ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်အလှူတော် ကျင်းပနိုင်ရေးသြဝါခံယူပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်တော်အေး သာသနာ့ ဗိမ္မာန်တော်တွင် ပြုလုပ်ကျင်းပရာ နိုင်ငံတော်ဗဟို သံဃဝန်ဆောင်ဆရာတော်၊ တိုင်းဒေသကြီး/ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ တက်ရောက်သည်။
အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့ဖွင့်လှစ်ပြီး ကော့သောင်းမြို့နယ်၊ (၅၁) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယပွဲတော်နှင့် (၂၉)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ စုပေါင်း မဟာဘုံကထိန်အလှူ တော်အောင်မြင်စွာ ကျင်းပနိုင်ရေးအစီအစဉ်များအား တာဝန်ရှိသူများက လျှောက်ထားပြီး ဆရာတော်သံဃာတော်ကြီးများထံမှ သြဝါဒခံယူကြသည်။
ကော့သောင်းမြို့နယ်၏ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန် အလှူတော် အားနှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲဖြစ်ရာ ယခုနှစ်တွင်လည်း ယခင်နှစ်များနည်းတူ လာမည့်တန်ဆောင်မုန်း လပြည့်နေ့တွင် အောင်မြင်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလိုအပ်သည့် စီစဉ်မှုများစတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)