မြို့သစ်မြို့နယ် မြေခြားကျေးရွာ အလယ်တန်းကျောင်း၌ တိုင်းရင်းဆေးဖြင့်(အခမဲ့) ကွင်းဆင်းဆေးကုသခြင်းနှင့် အသိပညာပေး ဆောင်ရွက်

မြို့သစ် အောက်တိုဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ယမန်နေ့ နေ့လည်က တိုင်းရင်းဆေးပညာဖြင့် မြေခြားကျေးရွာ အလယ်တန်းကျောင်းသို့ (အခမဲ့)ကွင်းဆင်းဆေးကုပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

အဆိုပါ ကွင်းဆင်းဆေးကုသမှုနှင့် အသိပညာပေးဆောင်ရွက်ရာ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုးယုလှိုင်က တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုပေးခဲ့ပြီး တိုင်းရင်းဆေးအကြောင်း သိကောင်းစရာအကြောင်း ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုးယုလှိုင်က တိုင်းရင်းဆေးဖြင့် ဒူးနာ၊ ခါးနာ၊ နှလုံးအားနည်းခြင်းနှင့် ယားနာအမျိုးမျိုးတို့အား အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)