ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပ

ကန်ကြီးထောင့် အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၂)နာရီ အချိန်တွင် ကန်ကြီးထောင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (OSS)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ကန်ကြီးထောင့်မြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဒေသလိုအပ်ချက်များ၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဒေသလုံခြုံရေး အခြေအနေများ၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအခြေအနေများ၊ ဒေသတွင်းစိုက်ပျိုးရေးအခြေအနေများ၊ ကန်ကြီးထောင့် မြို့နယ်အား Clean City ၊ Green City ၊ Smart City ဖြစ်လာစေရေး၊ မြို့နယ် သန့်ရှင်းသာယာလှပရေးအခြေအနေများအား ညှိနှိုင်းဆွေးနွေးခဲ့ကြ‌ ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)