ရွှေကျင် အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် တောင်ဘက်ကျေးရွာနှင့် တံခွန်တိုင်ကျေးရွာများရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ယနေ့နံနက် (၁၀)နာရီ အချိန်မှစ၍ ဆောင်းမြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ပေးအပ်ပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီမှူး ဦးအောင်မြင့်ထွေးက ရွှေကျင်မြို့နယ်အတွင်း ၂၀၂၃- ၂၀၂၄ခုနှစ်၊ စိုက်ပျိုးရာသီတွင် ဆောင်းမြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာစိုက်ပျိုးမည့် တောင်သူများအား အထွက်ကောင်းမျိုးများဖြစ်သည့် ဗီယက်နမ်မြေပဲမျိုး၊ TBL-9 မတ်ပဲမျိုး၊ ဆင်းရွှေကြာ-၂နေကြာမျိုးနှင့် ရေဆင်း- ၁၆ပဲတီစိမ်းမျိုးများ စိုက်ပျိုးနိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးမည့်အစီအစဥ်၊ စိုက်နည်းစနစ်၊ သွင်းအားစုများ ဖြန့်ဖြူးထောက်ပံမည့် အစီအစဥ်တို့အား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီမှူးတို့က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တောင်သူကိုယ်စားလှယ်များကို သီးနှံမျိုးများ ဖြန့်ဝေထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)