နတ်မောက်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေး

နတ်မောက် အောက်တိုဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား  မိသားစုတစ်စုလျှင် (၁)ပိဿာ (၅၀၀၀)ကျပ်နှုန်းဖြင့် ယနေ့နံနက် (၈)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြီးကြပ်၍  ဌာနဆိုင်ရာဝန်ထမ်းများ နေ့စဉ်ချက်ပြတ်စားသုံးရာတွင် အသုံးပြုလျက်ရှိသော စားသုံးဆီများ လုံခြုံစိတ်ချမှုရှိသော စားသုံးဆီများဝယ်ယူနိုင်ရေး၊ ရောနှောစားသုံးဆီများ အာမခံချက်မရှိသော စားသုံးဆီများအန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများမှ ကာကွယ်နိုင်ရန်အတွက် ထုတ်ကုန်အညွှန်အမှတ်သားများ ပြည့်စုံစွာ ဖော်ပြပါရှိသည့် စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ နတ်မောက်မြို့နယ်တွင် စားသုံးဆီ ပီပါ (၁၅၅)ကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား (၇)ကြိမ် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

လှဝင်း