မော်လိုက် အောက်တိုဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ပန်းခင်းစီမံချက်(၂) အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က အမက(၁)ကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် တာဝန်ရှိသူ များက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျောင်းသား/ ကျောင်းသူများကို ပေးအပ်ခဲ့ကြသည်။ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် ယာယီမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ ကြသည်။
အဆိုပါ အခမ်းအနားတွင် အမှတ်(၁) ကျောင်းရှိ (၁၀)နှစ်ပြည့်ပြီး ကျောင်းသား/ကျောင်းသူ (၅၂)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးအပ်ခြင်းဖြစ်ကြောင်း၊ မြို့ပေါ်ရှိ ကျောင်း(၆) ကျောင်းကိုလည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ် လဝက ဦးစီးမှူးထံမှ သိရသည်။
မော်လိုက်ခရိုင်(ပြန်/ဆက်)