စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် အထူး ဆေးကုသရေးအစီအစဉ်အဖြစ် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ စမ်းသပ်ကုသဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေး

မုံရွာ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၏ အထူးဆေးကုသရေး အစီအစဉ်အဖြစ် ဒေသခံပြည်သူများအား ဒုတိယနေ့ ကျန်းမာရေးစောင့်ရှောက်မှုများ စမ်းသပ်ကုသ ဆောင်ရွက်ပေးနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆေးကုသမှုလာရောက် ပြသသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး နေ့လည်စာစားသောက်ဖွယ်ရာများ အသီးသီးဝေငှခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့် ရင်းရင်းနှီးနှီးတွေ့ ဆုံကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်က အထူးဆေးကုသရေးအစီအစဉ်အဖြစ် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ လာရောက်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပါမောက္ခ/အထူးကုဆရာဝန်ကြီးများထံ ဒေသထွက် စားသောက်ဖွယ်ရာများအား ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေး စောင့်ရှောက်မှု ဆေးကုသရေးအစီအစဉ်တွင် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများမှ  မုံရွာခရိုင် အတွင်းရှိ ဒေသခံပြည်သူများအား အောက်တိုဘာလ ၁၆ ရက်နေ့တွင် လူနာ- ၇၆၇ ဦး၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် လူနာ- ၇၇၂ ဦး၊ စုစုပေါင်းလူနာ - ၁၅၃၉ ဦးအား ရောဂါ ၁၃ မျိုး၊ စမ်းသပ်ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော မြို့ပြစီမံကိန်း (Town Plan) ရေးဆွဲရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ကြ သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် ခရိုင်(၁၄)ခု၊ မြို့နယ်(၃၇)မြို့နယ်၊ မြို့ပေါင်း(၁၃)မြို့ရှိပြီး အကျယ်ဝန်းဆုံး တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ (Town Plan) ရေးဆွဲပြီးမြို့များအနေဖြင့်လည်း နှစ်စဉ်ဒေသန္တရ စီမံ ကိန်းများ အကောင်အထည်ဖော်ရာတွင် အနီးစပ်ဆုံး ထည့်သွင်းရေးဆွဲ အကောင်အထည် ဖော်သွားကြရန်နှင့် ရေးဆွဲရန် ကျန်မြို့နယ်၊ ခရိုင်များအနေဖြင့်လည်း မိမိတို့မြို့၏ အခြေခံလိုအပ်ချက် ဖွံ့ဖြိုးမှုအလားအလာနှင့် ရေရှည်တည်တံ့ရေး၊ ထိန်းသိမ်းရန် လိုအပ်ချက်များ၊ လယ်ယာနှင့်စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အဆောက်အအုံ လိုအပ်ချက်များအား ကြိုတင်လေ့လာဆန်းစစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြ အကောင်အထည်ဖော်သွားကြရန်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း သက်ဆိုင်ရာ (Town Planer) များ ခေါ်ယူပြီး စနစ်တကျရေးဆွဲနိုင်ရေး စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း၊  မြို့များဟန်ချက်ညီညီ စနစ်တကျဖွံ့ဖြိုးမှုရှိစေရန်အတွက် (Town Plan)များကို စနစ်တကျ ရေးဆွဲပြုစု၍ တင်ပြပြီး အတည်ပြုချက်ရရှိပါက (Town Plan)ပါ စီမံကိန်းများအား သက်ဆိုင်ရာဌာနများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုရှိ/မရှိ၊ ဆောင်ရွက်ပြီး/မပြီး၊ ဆောင်ရွက်ရာတွင်လည်း (Town Plan)ပါ မူဝါဒစည်းမျဉ်း များနှင့်ကိုက်ညီ ခြင်းရှိ/မရှိအား စစ်ဆေးကြပ်မတ်ရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့များ သန့်ရှင်းသာယာလှပရေး လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောက်ရွက်ရာတွင် မြို့ပြသာယာလှပရေး၊ မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရေးတို့အား ရှေးရှု၍ သန့်ရှင်းရေးလုပ်ငန်းများ၊ အမှိုက်သိမ်းစနစ်၊ အမှိုက်စွန့်ပစ်စနစ်များ စီမံခန့်ခွဲခြင်း၊ အမှိုက်အမျိုးအစားများ ခွဲခြားခြင်း၊ အမှိုက်မှ ပြန်လည်သန့်စင်အသုံးပြုနိုင်မည့် နည်းလမ်းများကို စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်၏ ရင်းမြစ်သယံဇာတများ ထိခိုက်ပျက်စီးမှုမရှိစေရန်၊ အမှိုက်သိမ်းဆည်းမှု၊ အမှိုက်စွန့်ပစ်မှု၊ စီမံခန့်ခွဲမှုများသည်အရေးကြီး၍ စည်ပင်သာယာရေး အဖွဲ့များမှ ပြည်သူများ၏ လိုအပ်ချက်များအား အကောင်းဆုံးဝန်ဆောင်မှုများပေးကာ လုပ်ငန်းများ အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း မြို့ပြစီမံကိန်း (Town Plan) ရေးဆွဲရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေး နွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က မိမိတို့ ခရိုင်များအတွင်းရှိ မြို့နယ်များ၏ မြို့ပြစီမံကိန်း(Town Plan) ရေးဆွဲရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း မြို့ပြစီမံကိန်း (Town Plan) ရေးဆွဲရေးနှင့် မြို့သန့်ရှင်းသာ ယာလှပရေး လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အကြံပြုဖြည့်စွက် ဆွေးနွေး တင်ပြကြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီး အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်