ဒေးဒရဲမြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင် အခွင့်အလမ်းပိုမိုရရှိစေရေးအတွက် ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းတွင် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုနှင့် သင်ကြားရေးဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိသည့် အခြေအနေများအား ယမန်နေ့ နံနက်(၁၀)နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ အခြေခံပညာဦးစီးဌာနမှူး ဦးတိုးဝင်း ဦးဆောင်မှုဖြင့် ခရိုင်ပညာရေးမှူး ဒေါ်အေးမြင့်နှင့် တာဝန်ရှိသူများက ဒေးဒရဲမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် စက်မှု၊ စိုက်ပျိုးရေးနှင့်  မွေးမြူရေးအထက်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများအား ကြည့်ရှု စစ်ဆေးခြင်းနှင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ သတ်မှတ်အရည်အသွေး ပြည့်မီရေး ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ စက်မှုဘာသာရပ်တွင် (၉၀)ဦး၊ စိုက်ပျိုးရေးဘာသာရပ်တွင် (၃၀)ဦးနှင့် မွေးမြူရေး ဘာသာရပ်တွင် (၁၁)ဦး တက်ရောက်ပညာ သင်ယူလျက်ရှိကြောင်း သိရသည်။

အေဇာလင်း