အောင်လံမြို့၌ (၅၈.၂၃)ဧကအတွက် ဒေသခံတောင်သူများအား မြေယာလျော်ကြေးငွေများ ပေးအပ်ပွဲအခမ်းအနား ဆောင်ရွက်

အောင်လံ အောက်တိုဘာ ၁၈

အောင်လံခရိုင်၊ အောင်လံမြို့၌ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း သကြားစက်ရုံ(ဒုရင်္ဂဗိုလ်) အနောက်ဘက်ခြမ်း ဦးပိုင်ပေါက်ယာမြေ (၅၈.၂၃)ဧကအား လျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သကြားစက်ရုံ (ဒုရင်္ဂဗိုလ်) ဦးစိုးကျော်ဦးက ယာမြေလျော်ကြေးငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းကြားခဲ့သည်။ ထို့နောက် ယာမြေပိုင်ရှင် (၂၁)ဦးအား လျော်ကြေးငွေ (၁)ဧကလျှင် (၂၅)သိန်းနှုန်းဖြင့် ယာမြေဧက (၅၈.၂၃)ဧက အတွက် (၁၄၅၅၇၅၀၀၀/-) အား ယာမြေပိုင်ရှင် တစ်ဦးချင်းအား ပေးအပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သကြားစက်စက်ရုံမှူးနှင့် အဖွဲ့များ၊ လယ်ယာမြေစာရင်းအင်းဦးစီးဌာန ဦးစီးမှူး၊ ဌာနဆိုင်ရာများ၊ ကွမ်းလောင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင်