သာပေါင်း အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း အသက်(၈၅)နှစ်အထက် မြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးဘိုးဘွားများထံ လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ကြသည်။
မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သွယ်သွယ်အေးနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် အသင်းဝင်တို့က မြို့ပေါ် အမှတ်(၃)ရပ်ကွက်အတွင်းရှိ လူမှုရေးပင်စင်ခံစားခွင့်ရှိသူ သက်ကြီးအဘိုး (၅)ဦး၊ အဘွား (၁၁)ဦး ပေါင်း(၁၆)ဦးတို့အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ် (ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ) သုံးလစာ လူမှုရေးပင်စင် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်စီဖြင့် ၄၈၀၀၀၀ (လေးသိန်း ရှစ်သောင်းကျပ်) အား အိမ်တိုင်ရာရောက် လက်ဝယ် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)