နတ်မောက်မြို့နယ် ပင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (၁၄၀ x ၃၀) RCC (၂)ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်မှု သုံးဆယ်ရာခိုင်နှုန်း ပြီးစီး

နတ်မောက် အောက်တိုဘာ ၁၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ကျောင်းသား/သူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်စေရန်အတွက် နတ်မောက်မြို့နယ် ပင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း မြေနေရာတွင် (၈၀×၃၀)ပေ သွပ်မိုး၊ အုတ်ညှပ်(၁)ထပ်အား ဖျက်သိမ်း၍ (၁၄၀×၃၀) RCC()ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်လျက်ရှိရာ ယခုအခါ သုံးဆယ်ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး  တာဝန်ရှိသူထံက သိရသည်။

ပင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (၁၄၀×၃၀) RCC()ထပ် ကျောင်းဆောင်သစ်တည်ဆောက်ခြင်းကို ၂၀၂-၂၀၂၄ ဘဏ္ဍာနှစ်ခွင့်ပြုငွေ (၄၁၀.၁၅၉၀၀၀)ကျပ်သန်းဖြင့် တင်ဒါ အောင်မြင်သော New Sun Rise ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ပင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း မြေနေရာတွင် (၈၀×၃၀)ပေ သွပ်မိုး၊ အုတ်ညှပ်(၁)ထပ်အား ဖျက်သိမ်း၍ (၆၀×၃၀) RCC()ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းအား စံချိန်စံညွန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေးကို ကျေးရွာအရည်အသွေးစစ်ဆေးရေးကော်မတီ၊ ကျေးရွာကျောင်း အကျိုးတော်ဆောင်များနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူမူစန်း