မြန်အောင် အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အင်ပင်နယ်မြေရဲစခန်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (ပ) ၃၂၉/၂၀ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေအရ ပိုင်ရှင်မဲ့ဖမ်းဆီးရမိသော ဆင်အရေပြား (၁၆၉)ချပ်၊ (၄၂)ပိသာအား ယမန်နေ့ နံနက်က မြန်အောင်မြို့နယ်၊ မြို့မတဲကြီးကုန်းအုပ်စု မြို့ရှောင်လမ်းဘေး ဦးကျော်ထွန်းအောင် လယ်မြေတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆင်အရေပြား(၁၆၉)ချပ်၊ (၄၂)ပိသာအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်၊ မြို့နယ်သစ်တောဦးစီးမှူး ဦးဇော်မင်းထွန်း၊ မြို့နယ်သစ်ထုတ်လုပ်ရေးတာဝန်ခံ ဦးကျော်သူခိုင်၊ တောအုပ်ကျော်ဇင်ထိုက်နှင့် မြို့မတဲကြီးကုန်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့မှ မီးရှို့ဖျက်စီး ပေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)