ရွှေဘို အောက်တိုဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၁၉ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဆွေးနွးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက (၂၀၁၉) ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါပြဌာန်းချက်များမှ လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ကော်မတီအဖွဲ့ဝင်၊ ခရိုင်တရားသူကြီးမှ ဥပဒေပါ ပြဌာန်းချက်များအနက် တရားစီရင်ရေးဆိုင်ရာ အချက်အလက်များ ရှင်းလင်းဆွေးခဲ့ပြီး၊ ခရိုင်ဥပဒေအရာရှိမှ ဥပဒေအကြောင်းအရာ အချက်အလက်များ ဆွေးနွေးခြင်းနှင့် ခရိုင်အလုပ်ရုံနှင့် လုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများတွင် ကလေးအလုပ်သမား အလုပ်လုပ်ကိုင်မှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ရွှေဘိုခရိုင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌမှ ဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်