သဲကုန်းမြို့နယ်၌ VDP စီမံကိန်းလုပ်ငန်း(၈)ခုဆောင်ရွက်

သဲကုန်း အောက်တိုဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုး‌တိုးတက်‌ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်း(၈)ခုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းပံ့ပိုးရန်ပုံငွေ ကျပ်သန်း ၁‌၂၀ ဖြင့် ကျေးရွာ၏ ပကတိလိုအပ်ချက်များကိုဖော်ထုတ်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် လင်းလဲကျေးရွာ၊ ကြပ်ကုန်းကျေးရွာ၊ တလိုင်းခုံကျေးရွာ၊ ကျောင်းကြီးကုန်းကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ သစ်ဆနွင်းကုန်းကျေးရွာတို့တွင် ကွန်ကရစ်လမ်းခင်းနှင့်ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်း၊ သစ်စိန်ပင်ကျေးရွာတွင် ကွန်ကရစ်ဘီလမ်းခင်းခြင်းနှင့်ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်းနှင့် သစ်စိမ့်ကုန်းကျေးရွာတွင် ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းနှင့် ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်၊ ပြန်/ဆက်