အထက်မင်းလှ အောက်တိုဘာ ၁၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့် တိုက်ရိုက်အရောင်းဆိုင်များမှ ယနေ့နံနက်(၇)နာရီက ရုံးရပ်မြောက်ရပ်ကွက် ဥယျာဉ်မှူးစာကြည့်တိုက်ရှေ့ မြေကွက်လပ်၌ သက်သာသောဈေးနှုန်းများဖြင့် ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖွင့်လှစ်ရောင်းချရာတွင် ဝက်သား(၁)ပိဿာလျှင် (၁၃၀၀ဝ)ကျပ်၊ ဆိတ်သား(၁)ပိဿာလျှင် (၁၆ဝဝဝ)ကျပ်၊ ကြက်ဥ(၁)လုံးလျှင် ၂၂၀ကျပ်ဖြင့် ကြက်ဥ (၉၀၀)လုံး၊ စားအုန်းဆီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် ဆီ(၃၃၀)ပိဿာ၊ ဆန်(၁)ပြည်(၂၅၀၀)ကျပ်နှုန်းဖြင့် ဆန်(၄၈)ပြည်တို့ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ အဆိုပါဈေးရောင်းချပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
မင်းလှမြို့နယ်တွင် ဖွင့်လှစ်ရောင်းချပေးသည့် တန်ဖိုးသင့် တိုက်ရိုက်အရောင်းဆိုင်များကို အပတ်စဉ် ကြာသပတေးနေ့တိုင်းတွင် ရပ်ကွက်များတွင် အလှည့်ကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)