မင်းလှမြို့နယ်၌ ၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

အထက်မင်းလှ အောက်တိုဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  ၂၀၂၃ ခုနှစ်အတွက်  ဆောင်းသီးနှံစိုက်ပျိုးကြမည့် တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို  ယမန်နေ့နံနက် ၉ နာရီက စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးစရိတ် ဘဏ်ချေးငွေလျာထားချက်မှာ ကျပ်သိန်း (၂၂၀၀)ဖြစ်ပြီး  တောင်သူတစ်ဦးချင်းကိုယ်တိုင် အာမခံသည့် စနစ်ဖြင့် ရှင်းလင်း လွယ်ကူစွာ ထုတ်ချေးပေးလျက်ရှိသည်။

အဆိုပါ ဆောင်းသီးနှံထုတ်ချေးရန်ကာလမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ  ဒီဇင်ဘာလကုန်အထိဖြစ်ပြီး အောက်တိုဘာလ (၁၇)ရက်နေ့တွင် စတင်ထုတ်ချေးပေးခဲ့ရာ ကျေးရွာအုပ်စု (၃)အုပ်စုမှ တောင်သူ (၈၀)ဦးအား ချည်မျှင်ရှည်ဝါ (၂၇၅)ဧက၊ ကုလားပဲ(၁၅၆)ဧက၊ ပဲကြီး(၆၈)ဧကအတွက် ဆောင်းသီးနှံထုတ်ချေးငွေ ကျပ်(၄၉၉၀၀၀၀ဝိ/)ထုတ်ချေးပေးပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ကျန်ရှိနေသည့် တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာထံမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)