စေတုတ္တရာမြို့နယ်တွင် ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မိဘအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

စေတုတ္တရာ အောက်တိုဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် လူမှုဝန်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စေတုတ္တရာမူလတန်းကြိုကျောင်းမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မိဘအသိပညာဆွေးနွေးပွဲကို အဆိုပါကျောင်း၌ ယမန်နေ့ညနေ(၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ 

ထို့နောက် စေတုတ္တရာမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမဒေါ်ဖြိုးဖြိုးဝေက ရှေးဦးအရွယ်ဖြစ်သည် ကလေးသူငယ်များပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအချက်များ၊ ကလေးများပြုစုစောင့်ရှောက်ရမည့်နည်လမ်းများ၊ ကလေးများအား အခြေခံစိတ်လုံခြုံမှုနှင့်ယုံကြည်စိတ်ချမှုကို ပထမဦးဆုံးရရန်လိုအပ်သည် အချက်များ၊ ကလေးများကစားရာတွင် ဉာဏ်ရည်ကစားနည်းများ၊ စာအုပ်ကြည့်ခြင်းဖြင့် ရနိုင်မည် စိတ်အခြေခံ၊ ဖန်တီကစားနိုင်သောနေရာ၊ အတုယူခြင်း၊ တူရိယာပစ္စည်းများအသုံးပြုခြင်းမှ ရရှိနိုင်မည့်အချက်များနှင့် မိမိတို့မူကြိုကျောင်းမှ ကလေးများအား ကျောင်းတက်စဉ်‌ ပြုစုစောင့်ရှောက်မှုများ၊ မိဘများအား ကလေးများအတွက် ပြုစုစောင့်ရှောက်သင့်သည် အချက်များကို ဖြည့်စွက်ကာ အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာကြသော စေတုတ္တရာမူကြိုကျောင်းမှ ကျောင်းသား/သူများ၏ မိဘများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)