ငပုတော အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ (၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ဒုတိယကြိမ်လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက လူမှုရေးပင်စင်ထောက်ပံ့ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ဘိုးဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ရောက်ရှိနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပေးစေရေး စသည် ဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် လူမှူရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူ များမှ ပေးအပ်ရာ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ငပုတောမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ (၉၂)အုပ်စုရှိ အဘိုးအဘွား (၁၈၂၀)ဦးအား တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ကျပ်(၅၄၆သိန်း)တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)