ပန်းတနော်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်

ပန်းတနော် အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၁၀၅၉) ဦးအား လူမှုဝန်ထမ်း ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ငွေပေးအပ်ရာတွင် ပန်းတနော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား တစ်လလျှင် ထောက်ပံ့ ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိရာ ၂၀၂၃ -၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အဖြစ် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း သက်ကြီးဘိုးဘွား (၁၀၅၉) ဦးတို့အား လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူးတို့က သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)