ရွှေဘိုသူနာပြု-သားဖွားသင်တန်းကျောင်း သင်တန်းသား/သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကျင်းပ

​ရွှေဘို ​အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုသူနာပြု-သားဖွားသင်တန်းကျောင်း၊ အပတ်စဥ်(၃) သူနာပြု သားဖွားဒီပလိုမာ သင်တန်း၏ သင်တန်းသား/ သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ယမန်​နေ့ နံနက် ၉ နာရီချိန်က အဆိုပါ​ကျောင်းရှိ သ​ပြေညိုခန်းမတွင် ကျင်းပပြုလုပ်ရာ ​အမှတ်(၅)စစ်အုပ်ချုပ်​ရေးနယ်​မြေ၊ စစ်နယ်​မြေမှူးနှင့် အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ အတွင်း​ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဒုခရိုင်အုပ်ချုပ်​ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဆေးရုံအုပ်ကြီး၊​ကျောင်းအုပ် ဆရာမကြီး၊ သူနာပြုအုပ်ဆရာမကြီးများနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ​ ရွှေဘိုခရိုင် စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦး​အောင်မြင့်က​ အဖွင့်အမှာ စကား​ပြောကြားရာ ကမ္ဘာ့ပြည်သူလူထုကျန်းမာ​ရေးအ ဆင့်မြင့်မား​စေ​ရေးအတွက် မြှင့်တင်ကြရာတွင် သူနာပြုများ၏ အခန်းကဏ္ဍသည် များစွာအ​ရေးကြီးပါ​ကြောင်း၊ ပြည်သူအားလုံးအတွက် လက်တွေ့ကျန်းမာရေးစောင့်ရှောက်မှုပေး သည့်အခါ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ၊ ကရုဏာ-နာ ၅ နာဖြင့် ပြုစုစောင့်ရှောက်မှုများပေးသွားရန်လိုအပ်ပါ​ကြောင်း၊ အရည်အချင်းပြည့်ဝ၊ ဘက်စုံထူးချွန်ပြီး ပြည်သူ အားကိုးရ​သော သူနာပြုဆရာ၊ ဆရာမများဖြစ်​အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး သူနာပြုသင်တန်း​ကျောင်း ပညာ​ရေးအဖွဲ့ဥက္ကဋ္ဌ ​ကျောင်းအုပ်ဆရာမကြီး ​ဒေါ်ကေသွယ်မိုးက ဂျူတီကုတ်နှင့် သူနာပြုဦး​ဆောင်းအပ်နှင်းရခြင်း ရည်ရွယ်ချက်ကို​ပြောကြား ခဲ့သည်။

ဆက်လက်၍ ပညာ​ရေးအဖွဲ့ဝင် သူနာပြုအုပ် ဒေါ်​​ကြူကြူ​ဆွေက ဂုဏ်ပြုအမှာစကား​ပြောကြားခဲ့ပြီး သင်တန်းသား/သူများ၏ သင်ယူ​လေ့ကျင့်ခဲ့မှုမှတ်တမ်းအား ဗီဒီယိုဖြင့် တင်ဆက်ပြသပြီး​နောက် သူနာပြုသင်တန်း​ကျောင်း​ ကျောင်းအုပ်ဆရာမကြီးနှင့် သူနာပြုဆရာမများ၊ ဆေးရုံအုပ် ကြီး  Dr ​စောသက်လျာ​အောင်က သင်တန်းသား/သူ(၅၃)ဦးတို့အား ဂျူတီကုတ်နှင့် သူနာပြုဦး​ဆောင်းများ အပ်နှင်း​ပေးခဲ့သည်။

ထို့​နောက် သင်တန်းသား/သူများမှ သူနာပြုသစ္စာအဓိဌာန်ရွတ်ဆိုခြင်းနှင့် "ဂရုဏာအလင်း" သီချင်းဖြင့်​ ဖြေ​ဖျော်ခဲ့ပြီး​နောက် အမှတ်(၅) စစ်အုပ်ချုပ်​ရေးနယ်​မြေ၊ စစ်နယ်​မြေမှူးနှင့် တာဝန် ရှိသူများက ထူးချွန်​ကျောင်းသား/သူများအား ဆုများချီးမြှင့်ပေးကာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ​ကျေးဇူးတင်စကားပြန်လည်​ပြောကြားခဲ့ပြီး စု​ပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ​ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်