ကန့်ဘလူမြို့ယူရီးယားဓာတ်‌မြေဩဇာ ဖြန့်ဖြူးရောင်းချပွဲနှင့် တောင်သူနည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ကန့်ဘလူ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချပွဲနှင့် တောင်သူစိုက်ပျိုးနည်းပညာပေးသင်တန်းကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက မြို့မစိုက်ပျိုးနည်းပညာပေးစင်တာ (KC)ခန်းမ တွင်  ကျင်းပခဲ့သည်။

ရှေးဦးစွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က တက်ရောက်လာသော တောင်သူများအား ယခုနှစ်သည် အယ်လ်နီညိုရာသီဥတု သက်ရောက်မှုရှိနေသဖြင့် ရာသီဥတု ဖြစ်စဉ် အခြေအနေနှင့် မိုးလေဝသသတင်းများကို စောင့်ကြည့်လျက် မိမိတို့စိုက်ပျိုးထားသည့် မိုးစပါး များကို လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် ရင်းနှီးစိုက်ထုတ်ထားသည့် လုပ်အားနှင့် မျိုး၊ မြေဩဇာ အရင်းအနှီးများကို လေလွင့်ဆုံးရှုံးမှုမရှိအောင် လုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်း တက်‌ရောက်သူ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်ကြားပို့ချမှုများကို စနစ်တကျ လေ့လာသင်ယူပြီး လုပ်ငန်းခွင်နယ်ပယ်တွင် အကျိုးရှိထိရောက်စွာ အသုံးချစေလိုကြောင်း အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး‌ ဦးစိုးအောင်က တောင်သူမျာအား ဓာတ်‌မြေသြဇာကိုအကျိုးရှိစွာ နည်းစနစ်မှန်စွာဖြင့် အချိန်ကိုက်အချိုးကျ အသုံးပြုတတ်‌စေရန်၊ စပါးအထွက်နှုန်း‌ပိုမို ကောင်းမွန်စေရန်၊ ယူရီးယားဓာတ်မြေဩဇာကို သဘာဝမြေဩဇာနှင့်‌ ရောစပ်ကြဲပက်ကြရန်နှင့် ဓာတ်မြေဩဇာကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းဖြင့်‌ တောင်သူ လယ်သမားများ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုး တက်လာစေရန် ရည်ရွယ်၍ရောင်းချရခြင်းနှင့် သင်တန်းပို့ချရခြင်းတို့ကို ရှင်းလင်းပြောကြားခဲ့ သည်။

ယူရီးယားဓာတ်မြေဩဇာ တစ်အိတ်လျှင် ကျပ် ၄၂၀၀၀ ဖြင့် အိတ်ပေါင်း(၁၁၅) အိတ်ရောင်းချ ပေးပြီး ဆက်လက်၍ တောင်သူနည်းပညာပေး သင်တန်းကို ပို့ချရာ နံနက် ၁၁ နာရီမှ ညနေ ၁၆ နာရီအထိ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦးအား သင်ကြားပို့ချကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်