မြန်အောင် အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် အထက် ဘိုးဘွား(၁၇၉၀)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို အောက်တိုဘာလ ၁၆ ရက်နေ့က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
အသက်(၈၅)နှစ်အထက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မိမိတို့၏ဒေသတွင်းရှိ သက်ကြီးဘိုးဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ) အတွက် သက်ကြီးဘိုး/ဘွား တစ်ဦးလျှင် လူမှုရေးပင်စင် တစ်လစာ (၁၀၀၀ဝိ/-)ကျပ် နှုန်းဖြင့် သုံးလစာ (၃၀၀၀ဝိ/-) ကျပ်နှုန်းကို သက်ကြီးဘိုး/ဘွား (၁၇၉၀)ဦးအတွက် (ကျပ်သိန်းငါးရာ သုံးဆယ်ခုနှစ်သိန်း) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြန်အောင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးဝါထံမှ သိရ သည်။
ဝင်းဗိုလ်(ပြန်/ဆက်)