ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာန၌ ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်

ကလိန်အောင် အောက်တိုဘာ  ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျောင်းသူ/သား ကလေးသူငယ်များ အသိပညာဗဟုသုတတိုးပွားပြီး ကာယဉာဏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ခင်ခင်လဲ့က ကျောင်းသူ၊ ကျောင်းသားများ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်‌စေရန် ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ ပုံများများဆွဲရာတွင်လည်း ကာလအရောင်အသွေးများ ရွေးခြယ်၍ ခြယ်သတတ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး အကောင်းဆုံးပါဝင်‌ယှဉ်ပြိုင်နိုင်သူများကို လက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလိန်အောင်မြို့ရုံး (Community Centre)ခန်းမတွင် ပြိုင်ပွဲများ၊ ပြပွဲများ၊ ဟောပြောပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး လူငယ်လူရွယ်ကလေးများ အသိပညာဗဟုသုတရရှိ‌စေရန်လက်မှုပညာအိမ်တွင်းမှုသင်တန်းများဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)