ပလောက် အောက်တိုဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းက စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာဒေါက်တာ ခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ ဒုတိယဦးစီးမှူး ဒေါ်နှင်းမြူလွင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်း လင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်း ဆုံးသောဘဝကိုတည်ဆောက်ခြင်း” ခေါင်းစဉ်ပါ အကြောင်းအရာများဖြစ်သော လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်စူးစမ်းခြင်း ၊လူငယ်နှင့်တာဝန်သိမှု၊ လူငယ်နှင့်အလှအပ၊ လူငယ်နှင့်အမှား စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများကိုတက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့က ဖတ်ကြားပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
နှင်းမြူလွင် (ပလောက်)