သံတောင်ကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

သံတောင်ကြီး   အောက်တိုဘာ ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေဘေး၊ မီးဘေး၊ လေဘေး၊ မိုးကြိုးဘေးများဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ယနေ့နံနက် (၉) နာရီက သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ဆရာမများနှင့် ဒေသခံပြည်သူများကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ လက်ကမ်းစာစောင်များကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်လတ်နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ပူးပေါင်းဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။

နော်လော်မူ