ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ကာလ စားသောက်ရေး အခက်အခဲဖြစ်နေသူများအား ကူညီဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်ရန် မြို့နယ်ပညာရေးဝန်ထမ်း လူမှုကူညီရေး မိသားစုများမှ အလှူငွေများပေးအပ်

ပင်လည်ဘူး အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ပညာရေးဝန်ထမ်း လူမှုကူညီရေးမိသားစုများမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာလ စားသောက်ရေး အခက်အခဲဖြစ်နေသူများအား ကူညီရန်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်ရန် အလှူငွေများပေးအပ်ခြင်းကို အောက်တိုဘာ ၂၀ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်သည့် အလှူငွေများမှာ ကိုဗစ်-၁၉ ကာလ စားသောက်ရေး အခက် အခဲဖြစ်နေ သူများအား ကူညီ ဆောင်ရွက်ရန် ကျွန်တော်များကမ်းလက် အလှူရှင်များအဖွဲ့သို့ ငွေကျပ် (၂၀၀၀၀၀)နှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်ရန် မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီသို့ ငွေကျပ် (၂၀၀၀၀၀)တို့အား ပေးအပ်ခဲ့ကြပြီး  မြို့နယ်အဝင် အထွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစစ်ဆေးရေးဂိတ်များကိုလည်း ဂိတ်တစ်ခု ကို ငွေကျပ်(၅၀၀၀၀)၊ မြို့ပေါ်နှင့်ကျေးရွာများတွင် ပြည်တွင်းပြည်ပပြန်များ ကန့်သတ်စောင့်ကြည့် ထားရှိသည့် Quarantine Center များတွင်  Quarantine ဝင်နေသူများကိုလည်း  အလှူငွေများ သွားရောက် ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဝန်ထမ်း လူမှုကူညီရေးမိသားစု မြို့နယ်ပညာရေးမှူး ဦးမျိုးခိုင်ထံ မှ သိရသည်။

မျိုးလွင်(ပင်လည်ဘူး)