ပုသိမ်မြို့တွင် ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ လဝက်အစည်းဝေးနှင့် ၂၀၂၃ ဘဏ္ဍာရေးနှစ် (ဇူလိုင်၊သြဂုတ်၊ စက်တင်ဘာ)လများအတွက် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲ ပြုလုပ်

ပုသိမ် အောက်တိုဘာ ၁၇

ပုသိမ်မြို့တွင် ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ လဝက်အစည်းဝေးနှင့် ၂၀၂၃-ဘဏ္ဍာရေးနှစ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ)လများအတွက် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ပေးအပ်ပွဲကို မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် အဖွဲ့ဝင်များက ယခုကျင်းပ လျက်ရှိသည့် ငွေဆောင်မြို့ရှိ(MSMEs) ကုန်စည်ပြပွဲနှင့် စျေးရောင်းပွဲကို ချောင်းသာမြို့တွင်လည်း ကျင်းပပြုလုပ်နိုင်ရေး ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာများမှ စုပေါင်းဝိုင်းဝန်း ဆောင်ရွက်ကြရေး၊ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ရုံးများ ဥပဓိရုပ်ကောင်းမွန်အောင် ဆောင်ရွက်ထားရှိရေး၊ ရပ်ကွက်နှင့်ကျေးရွာများရှိ ဘုရား၊ ကျောင်းကန်၊ ဇရပ်များအား  သန့်ရှင်းရေးဆောင်ရွက်ထားရှိကြရေး၊ ပညာရေးကဏ္ဍအနေဖြင့် စာမတတ်သူ ပပျောက်ရေး စာရင်းဇယားများ ကောက်ယူရာတွင် တိကျသောစာရင်း များဖြစ်စေရန် ဆောင်ရွက်ထားရှိကြရေးတို့နှင့် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၏ ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပုသိမ်မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ၂၀၂၃ ဘဏ္ဍာရေးနှစ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ)လများအတွက် လူမှုရေး ပင်စင်များ ပေးအပ်ရာ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ပုသိမ်မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၁၉၇၆)ဦးအတွက် ထောက်ပံ့ငွေ စုစုပေါင်းကျပ် (၅၉၂၈၀၀၀၀/-)အား ‌ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြင့်ဟန် (ပြန်/ဆက်)