စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆေး ကုသရေးအဖွဲ့ မုံရွာမြို့တွင် ကွင်းဆင်းဆေးကုသပေးနေမှုများအား လိုက်လံကြည့်ရှု အားပေး

မုံရွာ အောက်တိုဘာ ၁၇

ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ အထူးဆေးကုသရေး အစီအစဉ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ အောက်တိုဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆေးကုသမှုဆောင်ရွက်ရာသို့ လာရောက်ပြသမှု ခံယူနေကြသော မုံရွာခရိုင် အတွင်းရှိ လူနာများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ပါမောက္ခ/အထူး ကုဆရာဝန်ကြီးများကို တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကား ပြောကြားကာ ဆေးကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လာရောက်ပြသမှု ခံယူနေကြသော လူနာများအား နေ့လည်စာ စားသောက်ဖွယ်ရာများ အသီးသီးလိုက်လံ ဝေငှခဲ့ကြပြီး ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာ ရေးစောင့်ရှောက်မှု ဆေးကုသရေးအစီအစဉ်တွင် အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ၊ ဦးနှောက် နှင့် အာရုံကြောရောဂါ၊ အထွေထွေရောဂါ၊ အသည်းရောဂါ၊ နှလုံးရောဂါ၊ အရိုး၊ အကြော၊ အဆစ် ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ မျက်စိရောဂါ အထူးကုဆရာ ဝန်ကြီးများက မုံရွာမြို့မှ အထူးကုဆရာဝန်ကြီးနှင့်အတူ မုံရွာခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား အောက်တိုဘာလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဆေးကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ အောက်တိုဘာလ ၁၆ ရက်နေ့တွင် အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ လူနာ - ၃၇ ဦး၊ ဦးနှောက်နှင့်အာရုံကြောရောဂါ လူနာ - ၇၉ ဦး၊ အသည်းရောဂါ လူနာ - ၄၁ ဦး၊ နှလုံးရောဂါ လူနာ - ၁၀၀ ဦး၊ အရိုး၊ အကြော၊ အဆစ်ရောဂါ လူနာ - ၁၂၀ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ လူနာ - ၆၅ ဦး၊ အထွေထွေ ရောဂါ လူနာ - ၁၁၂ ဦး၊ အထွေထွေခွဲစိတ် လူနာ - ၂၃ ဦး၊ မျက်စိရောဂါလူနာ ပြင်ပလူနာ - ၁၈၉ ဦး၊ အကြီးစားခွဲစိတ်လူနာ - ၂၀ ဦးနှင့် အသေးစားခွဲစိတ်လူနာ - ဦး၊ ကလေးလူနာ ၁ ဦး၊ စုစုပေါင်း လူနာ - ၇၈၉  ဦးအား အထူးကုဆရာဝန်ကြီးများက စမ်းသပ်ခွဲစိတ် ကုသပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းနှင့် အသက်()နှစ်မှ ()နှစ်အရွယ် ကလေးငယ် ၁၂၈ ဦးအား Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးနေမှုများအား ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့်အတူ အာဟာရဖြည့်စွက်စာများနှင့် နေ့လည်စာ စားသောက်ဖွယ်ရာများ အသီးသီး ဝေငှခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)