သာပေါင်း အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် သီရိရွှေသာဈေးအတွင်း အောက်တိုဘာလ ၁၆ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က မီးဘေးလုံခြုံရေး ကြည့်ရှုစစ်ဆေးကြသည်။
မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်သူလွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်နှင့် ဝန်ထမ်းတို့က အရေးပေါ်မီးငြှိမ်းသတ်နိုင်ရေးအတွက် အပေါ့စားမီးသတ်စက်၊ ပိုက်လိတ်၊ ပိုက်ခေါင်းများထားရှိရန်၊ မီးသတ်ငြှိမ်းသတ်ရာ၌ ဈေးအတွင်းသို့ မီးငြိမ်းသတ်ယာဉ်များ အလွယ်တကူဝင်/ထွက်သွား လာနိုင်အောင် စီမံထားရှိရန်၊ ဈေးအတွင်း မီးသုံးစွဲချက်ပြုတ်သော ဆိုင်ခန်းများအား စနစ်တကျ သုံးစွဲနိုင်ရန်နှင့် မီးဘေးလုံခြုံရေးအတွက် နေ့စဉ်လိုက်လံစစ်ဆေးသွားရန်၊ ဈေးလုံခြုံရေးအဖွဲ့နှင့် ဈေးသူ/သားများအား မီးသတ်ဆေးဘူး အသုံးပြုတက်စေရန် လေ့ကျင့်ဆောင်ရွက်ထားရန်၊ မီးငြှိမ်းသတ်ရန်အတွက် မီးသတ်အုတ်ရေလှောင်ကန် သီးခြားထားရှိမှု အခြေအနေများအား လိုက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (ပြန်/ဆက်)