မုံရွာမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များအား Catch-Up ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ

မုံရွာ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များအား Catch-Up ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက  မုံရွာမြို့ ပြည်သူ့ဆေးရုံးကြီးတွင် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း   မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ဆေးထိုးခြင်းလုပ်ငန်းများကို မုံရွာမြို့ ပြည်သူ့ဆေးရုံးကြီးအပြင် ဒေါနခြံရပ်ကွက် မြဝတီဂရုဏာဆေးပေးခန်းနှင့် အလုံကျေးလက် ကျန်းမာရေးဌာနတို့တွင် စုရပ်များခွဲပြီး အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ထိ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိ​ပြီး ကာကွယ်ဆေး အားလုံးကို သတ်မှတ်ထားသောအကြိမ်နှင့် သတ်မှတ်ထားသော အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှ သာလျှင် ကလေးငယ်တို့ကို ပြင်းထန်တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေး ရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါတို့မှ ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်းနှင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းနှင့် အသက်()နှစ်မှ ()နှစ်အရွယ် ကလေးငယ် ၁၂၈ ဦးအား Catch-Up နည်းလမ်းဖြင့် အောက်တိုဘာ ၁၆ရက်နေ့က ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးနိုင်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင်လည်း ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို အောက်တိုဘာ ၁၆ ရက်မှ ၁၇ ရက်နေ့အထိ နှစ်ရက်ကြာ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)